ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး



MNP - မေ   ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်များတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့စေရေးအတွက် မြို့နယ်မန်နေဂျာ ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


ကျောက်တန်းမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် ကန်ပြောင်ကျေးရွာအတွင်းရှိ တောင်သူ(၆၁)ဦးတို့၏ လယ်မြေဧက(၄၇၁)ဧကအတွက် လယ်တစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် ချေးငွေစုစုပေါင်း ငွေကျပ်သိန်း (၇၀၆.၅၀)ကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ကျေးရွာ အုပ်စုများအတွက် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ခုနှစ်မေလမှ စက်တင်ဘာလကုန်အထိ ကာလသတ်မှတ်၍ ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး တစ်မြို့နယ်လုံးငွေချေးရန် လျာထားငွေကျပ်သန်း(၉၁၀၀.၀၀) လျာထားကြောင်း မြို့နယ် မန်နေဂျာထံမှ သိရှိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)