သီပေါမြို့၌ မိုးနေကြာသီးနှံမျိုးစေ့ထုတ်စံပြကွက်နှင့် မိုးနေကြာသီးနှံစံပြကွက် စိုက်ပျိုးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့၌ မိုးနေကြာသီးနှံမျိုးစေ့ထုတ်စံပြကွက်နှင့် မိုးနေကြာသီးနှံစံပြကွက် စိုက်ပျိုးခြင်းများဆောင်ရွက်

 


MNP - မေ  ၂၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ မိသားစုဝင်ငွေတိုးတက်ရရှိစေရေး၊ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိစေရေးတို့အတွက် ရည်ရွယ်၍ ဆီထွက်သီးနှံ နေကြာသီးနှံများကို ဒေသခံအကျိုးဆောင်တောင်သူများနှင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘော်ကြိုကျေးရွာ ဒေါ်နန်းဌေး၏လယ်တွင် မိုးနေကြာ(မိုးဦး)သီးနှံမျိုးစေ့ထုတ်(ဆင်းရွှေကြာ-၂) စံပြကွက်(၁)ဧကကို စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်းနှင့် နားခဲကျေးရွာ၊ ပန်မြိုင်းကျေးရွာတို့တွင် ရေဆင်းစပ်မျိုးနေကြာ-၁ စံပြကွက် (၁၀)ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သီပေါမြို့နယ်တွင် မိုးသီးနှံနေကြာကို(၆၂)ဧက စိုက်ပျိုးရန်လျာထားပြီး မိုးသီးနှံနေကြာနှင့် ဆောင်းသီးနှံနေကြာကို (၁၆၈)ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ တောင်သူများအား စိုက်နည်းစနစ်မှန်ကန်စေရေး၊ အထွက်ကောင်းမျိုးများသုံးစွဲရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးနေကြာ သီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု၊ မျိုးစေ့နှင့်ဓာတ်မြေဩဇာများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)