ရွှေတောင်မြို့နယ်တွင် ငှက်ပျောလျှော်တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ငှက်ပျောလျှော်တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ



MNP - မေ   ၁၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ငှက်ပျောလျှော်တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်နှင်းဖြိုးမှ သင်တန်းဆင်း အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်သန်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်း ( ၅) ဦးသင်တန်းသူ ( ၅)ဦး စုစုပေါင်း( ၁၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ( ၃- ၅ - ၂၀၂၂) ( ၁၇ - ၅ -၂၀၂၂) ရက်နေ့ (၁၅) ရက် ဖွင့်လှစ်သင်ကြားခဲ့ပြီး ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)