Pages

Pages

ပေါက်ခေါင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲပြုလုပ်

 



MNP - မေ   ၂၁


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးမြင့်ဌေးကသင်တန်းဆင်း အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော် က သင်တန်း၏ ရည်ရွယ်ချက်နှင့် သင်တန်းပြီးမြောက်ပြီဖြစ်၍ သင်တန်းမှရရှိသော အတတ်ပညာများဖြင့် မိမိတို့၏ အသက်မွေး ဝမ်းကျောင်းကို အထောက်အကူပြုနိုင်သည့်အပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင်လည်း မိမိအတတ်ပညာများဖြင့် ပေါင်းစပ်ကူညီပေးနိုင်ရန်ပြောကြားခဲ့သည်။


ဆက်လက်၍မြို့နယ်ဦးစီးမှူး ဦးဌေးဇော်က သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ပန်းရန်နည်းပြဆရာမှ သင်တန်းသား(၂၀)ဦးကို စာတွေ့လက်တွေ့ သင်တန်းကာလရက်(၂၀)ကြာသင်ကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment