Pages

Pages

ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

 


MNP - မေ   ၂၃


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ ၃ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။


မေလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်ပြိုလဲကာ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာနှစ်ဦးအား ထောက်ပံ့ငွေ ၁၀၀၀၀၀ ကျပ်ကို မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ လူနာအားထောက်ပံ့ငွေပေးအပ်ခဲ့ပြီး၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သရက်တပင်ကျေးရွာအုပ်စုနှင့် အမှတ် (၂) ရပ်ကွက်မှ အမိုးလန်နေအိမ် (၈) လုံးနှင့် ပြိုလဲနေအိမ်တစ်လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၉) စုရှိ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၅၁၀၀) ကျပ်၊ စုစုပေါင်း (၄၆၅၁၀၀) ကျပ်နှင့် ပစ္စည်း (၁၇) မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး တစ်ပုံးတို့ကို ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစောလင်းသိန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်တို့က လေဘေးသင့် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment