စစ်တွေခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ



MNP - မေ  ၂၇


စစ်တွေခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့၊ မွန်းလွဲ ၂ နာရီအချိန်က စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် စစ်တွေခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းလုပ်ငန်းများနှင့် ပတ်သတ်သည့် လုပ်ငန်းစဉ်များအား စစ်တွေခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးဌာနမှူး၊ ဦးစိုင်းလူဒင်က စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ဌာနအသီးသီးမှ တာဝန်ရှိသူများအား စီမံကိန်းတာဝန်များအား ပေးအပ်ခဲ့ရာ လယ်ယာကဏ္ဍအတွက် ခရိုင်လယ်ယာစီမံခန့်ခွဲရေးဦးစီးဌာန၊ သားငါးကဏ္ဍအတွက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တည်ဆောက်ရေးကဏ္ဍအတွက် ခရိုင်လမ်းဦးစီးဌာနနှင့် ခရိုင်ကျေးလက်လမ်းဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများအား အသီးသီးပေးအပ်ခဲ့ပြီး ခရိုင်အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လျှပ်စစ်အင်ဂျင်နီယာနှင့် အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့အား မိမိတို့ သက်ဆိုင်ရာအလိုက် စီမံကိန်းတာဝန်များအား စစ်တွေခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)