ရန်ကုန်-ပြည်ကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျနေမှုအား ရှင်းလင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-ပြည်ကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျနေမှုအား ရှင်းလင်း ဆောင်ရွက်




MNP - မေ   ၂၈

လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် ၁၁၁/၆ တွင် ယမန်နေ့ညနေပိုင်းက မိုးရွာသွန်း၍ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့နေသည့် သစ်ပင်အား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။


အဆိုပါသစ်ပင်မှာ ကားလမ်းမပေါ်သို့လဲကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်နှင့် တပ်ဖွဲ့ဝင်များမှ အချိန်မီရှင်းလင်းဖယ်ရှားပေးနိုင်ခဲ့သည့်အတွက် ခရီးသွားလာပြည်သူများ အချိန်မီလိုရာခရီးကို သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)