MNP - မေ ၂၈
လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် ၁၁၁/၆ တွင် ယမန်နေ့ညနေပိုင်းက မိုးရွာသွန်း၍ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့နေသည့် သစ်ပင်အား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်မှာ ကားလမ်းမပေါ်သို့လဲကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်နှင့် တပ်ဖွဲ့ဝင်များမှ အချိန်မီရှင်းလင်းဖယ်ရှားပေးနိုင်ခဲ့သည့်အတွက် ခရီးသွားလာပြည်သူများ အချိန်မီလိုရာခရီးကို သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment