ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နိုင်ရေး အသိပေးပိုစတာဗွီနိုင်းများ ချိတ်ဆွဲနိူးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နိုင်ရေး အသိပေးပိုစတာဗွီနိုင်းများ ချိတ်ဆွဲနိူးဆော်



MNP - မေ   ၁၉


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နိုင်းရေး သီတင်းပတ်ပညာပေး ပိုစတာဗွီနိုင်း တင်ပွဲအား ယနေ့ နံနက် (၇:၃၀) အချိန်က မြို့နယ် ၊မြို့နယ်ပညာရေးမှုးရုံး၌ ကျင်းရာအဆိုပါပိုစတာတင်ပွဲသို့ မြို့နယ်ပညာရေးမှုး၊ မြို့နယ်တွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မှုလတန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အခြေခံပညာရေးဝန်ထမ်းများ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ကြပါသည်။


မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မိဘပြည်သူ့များသိရှိ၍ ကျောင်းများအပ်နှံနိုင်စေရေးအတွက် အသိပညာပေးပိုစတာဗွီနိုင်းများကို ချိတ်ဆွဲထားရှိ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နိုင်ငံ၏အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာတွင် အခြေခံပညာရေးမှာ လွန်စွာအရေးကြီးသည်။ မြင့်မားသည့်အဆောက်အအုံများ တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်ကို အထူးကောင်းမွန်စွာ တည်ဆောက်ကြရသကဲ့သို့ပင် အခြေခံပညာကို အရည်အသွေးပြည့်ပြည့်ဝဝနှင့် ကျေညက်စွာသင်ယူနိုင်ခွင့် ရရှိရန်အတွက် ကမာရွတ်တွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း (၁၈) ရှိကျောင်းတိုင်းတွင်လည်း လွယ်ကူစွာဖြင့် သိရှိနိုင်စေရန် ချိတ်ဆွဲထားရှိ ပေးလျက်ရှိပါသည်။


ပညာရေဝန်ကြီးဌာန၏၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် “ကျောင်းနေရွယ်ကလေးများ အားလုံးပညာသင် ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” နိူးဆော်စာပါပိုစတာအတိုင်း ၂၀၂၂ မေလ (၂၆) ရက်နေ့မှ ဇွန်လ (၂၁) ရက်နေ့အထိ ကျောင်းအပ်နှံ၍ ပညာသင်ယူခွင့်ရရှိ စေရန်အတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။


ထို့ပြင် ၅ နှစ်ရွယ်ကလေးများကိုလည်း သူငယ်တန်း (KG) အပ်နှံရန်နှင့် ၆ နှစ်ရွယ်ကလေးများကိုလည်း ပထမတန်း (Grade-1) သို့အပ်နှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွတ်ပေးပါရန်အတွက် အသိပေးပညာပေးနိူးဆော် ပိုစတာဗွီနိုင်းများအား လည်းထပ်မံချိတ်ဆွဲထား ရှိပေးထားပါကြောင်း သိရသည်။


သတင်း - စိမ်းလဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)