Pages

Pages

အိမ်မဲမြို့နယ် အခြေခံပညာကျောင်း (၂၀၀)တွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်


MNP - မေ  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်း (၁၉၆) ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း(၄)ကျောင်း စုစုပေါင်းကျောင်း(၂၀၀)တွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသတ်မှတ်ထားရာ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းလာရောက်အပ်နှံသူ (၁၀၉၄၀)ဦးရှိကြောင်းသိရသည်။


အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းလာရောက်အပ်နှံသူ ယနေ့တွင် မူလတန်း(၇၆၉၄) ဦး၊ အလယ်တန်း(၂၁၉၁)ဦး၊ အထက်တန်း(၁၀၅၅)ဦး စုစုပေါင်း(၁၀၉၄၀)ဦးရှိပြီး ကျောင်းအပ်နှံရာ၌ မည်သည့် ကုန်ကျမှုမျိုးမှမရှိပဲ သက်ဆိုင်ရာအတန်းအလိုက် ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးပစ္စည်း ကိရိယာများကိုလည်း အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အဆိုပါ ကျောင်းအပ်နှံသည့်နေရာများသို့ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကောင်းမြတ်စံ၊ အဖွဲ့ဝင်(၂) ဒေါက်တာသန်းဌေးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment