ရေစကြိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရေစကြိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

84


MNP - မေ  ၃

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကို မေ လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇောက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး (မြို့နယ်စီမံကိန်း ဦးစီးမှူး) ဒေါ်ခင်လေးနွယ်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလမှ မတ်လအထိ) ၆ လတာ ကာလအတွင်း စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ မတ်လအထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇော၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးကျော်ဝင်းနှင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်(၃) ဦးသောင်းဝင်းတို့က သက်ဆိုင်ရာဌာန ဆိုင်ရာများကို ကဏ္ဍအလိုက် စီမံကိန်းတာဝန်ပေး အပ်လွှာများကို အသီးသီးပေး အပ်ခဲ့ကြောင်း သိရှိရသည်။

သတင်း - မောင်လုလင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages