MNP - မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများအဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်ကအတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် နှမ်း၊ မြေပဲ စိုက်ပျိုးဧကတစ်ဧကကို ငွေကျပ်(၁၀၀၀၀၀/-)နှုန်းဖြင့် မင်းတည်းအုပ်စု၊ မင်းတည်းကျေးရွာရှိ တောင်သူ(၁၅)ဦး၊ စိုက်ပျိုးဧက(၈၄)ဧက စုစုပေါင်း ငွေကျပ်(၈၄)သိန်းအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးကြောင်းသိရသည်။ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ်မန်နေဂျာ ဦးသက်ခိုင်ဇော်ထံမှ သိရ သည်။
သတင်း - ကျော်မျိုးနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment