ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေး ရွှေအင်း-ရှင်ငယ်ကျလမ်းပိုင်းအား ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေး ရွှေအင်း-ရှင်ငယ်ကျလမ်းပိုင်းအား ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်



MNP -  မေ   ၂၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်ပြီး ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းများအား မြေသားတာဘောင်မြေဖို့ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်း၊ ကျေးရွာချင်းဆက် လမ်းများပေါ်တွင် တံတားများတည်ဆောက်ပေးခြင်း၊ ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် မင်းစု-စပါယ်တောလမ်းနှင့် ဆက်သွယ်ထား သည့် ရွှေအင်း-ရှင်ငယ်ကျ လမ်းပိုင်းအား ဂင်းကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၅၁.၈)သန်းဖြင့် အလျား(၁.၁)မိုင်၊ အကျယ်(၁၆)ပေ၊ ထု(၄)အမြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


မင်းစု-စပါယ်တောလမ်းနှင့်ဆက်သွယ်ထားသည့် ရွှေအင်း-ရှင်ငယ်ကျလမ်းပိုင်းအား ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းများဆောင်ရွက် ပြီးစီးပါကအဆိုပါလမ်းအားအသုံး ပြုနေသည့်ပြည်သူများနှင့် ဒေသခံကျေးရွာများဖြစ်သည့် ရွှေအင်းကျေးရွာနှင့်ရှင်ငယ်ကျကျေးရွာ(၂)ရွာမှ အိမ်ခြေ(၂၅၂)အိမ်၊ လူဦးရေ (၁၁၁၈)ဦး ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးလာပြီးဒေသတွင်း ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)