Pages

Pages

ရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ရှိသွပ်မိုးများပျက်စီးပြီး အုတ်တံတိုင်းများ ပြိုကျမှုဖြစ်ပွား



MNP - မေ   ၂၁


မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ယနေ့နံနက် (၉)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်ရှိသွပ်မိုးများ အမိုးလန်ပျက်စီးခဲ့ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်းရှိ အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ်၊ ရင်းရယ်ကျေးရွာအုပ်စုအတွင်း နေအိမ်(၉)လုံးရှိ သွပ်အမိုး (၆၁) ချပ် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး သီရိနန္ဒာရပ်ကွက်အတွင်းရှိနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းရှေ့တွင် ကာရံထားသော အုတ်တံတိုင်း ပေ(၈၀)ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment