ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၁၀၃၂၇) ဦးထိုးနှံပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၁၀၃၂၇) ဦးထိုးနှံပြီးဖြစ်

 


MNP - မေ   ၁၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁) နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၃၃၀၅၄၈) ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ (၁၀၃၂၇) ဦး စုစုပေါင်း (၃၄၀၉၇၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူ (၁၆၆၃၅)ဦးနှင့် အသက်(၁၅)နှစ်နှင့် အသက်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင် (၁၂၆၅) ဦး အသက် (၁၈) နှစ်အထက်ပြည်သူ ပထမအသုတ်တွင် (၁၉၁၇၉) ဦး၊ ဒုတိယအသုတ်တွင် (၂၈၇၄၄) ဦး၊ တတိယအသုတ်တွင် (၅၂၃၇၅) ဦး၊ စတုတ္ထအသုတ်တွင်(၂၇၈၃၂) ဦး၊ ပဉ္စမအသုတ်တွင် (၃၄၂၁၆) ဦး၊ ဆဋ္ဌမအသုတ်တွင် (၁၁၇၀၀) ဦး၊ သတ္တမအသုတ်တွင် (၁၆၅၄၀) ဦး၊ အဋ္ဌမအသုတ်တွင် (၆၅၅၇) ဦး၊ နဝမအသုတ်တွင် (၉၉၁၄၉) ဦး၊ ဒဿမအသုတ်တွင် (၁၆၃၅၆) ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီးသူ (၁၀၃၂၇) ဦး စုစုပေါင်း (၃၄၀၉၇၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး စုကြီးထန်းတောရပ်ကွက်၊ မြို့တော် ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများလည်း ထိုးနှံပေးလျက်ရှိကြောင်း  သိရှိရသည်။


သတင်း - သက်မောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)