Pages

Pages

လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၌ အသက်(၃)နှစ်မှ(၇)နှစ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

 


MNP - မေ   ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်တွင် အသက်(၃)နှစ်မှ (၇)နှစ်အတွင်းရှိ ကလေးငယ်များအား ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်  (၁၀)နာရီတွင် သာသနာ့ရိပ်သာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ထိုးနှံပေးရာတွင် လှည်းကူးမြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ခိုင်ယဉ်မေဦးက ယခုထိုးနှံပေးသော ကာကွယ်ဆေးမှာ အပိုဆောင်းကာကွယ်ဆေးဖြစ်ကြောင်း၊ ငယ်ရွယ်သောကလေးဘဝမှ ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံထားပါက ကူးစက်ရောဂါဘေးအန္တရာယ်များ၏ဒါဏ်ကို ခံနိုင်ရည်ရှိပြီး ကျန်းမာသန်စွမ်းသောကလေးငယ်များဖြစ်လာရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့ပေါ်ရပ်ကွက်များရှိအသက် (၃)နှစ်မှ(၇)နှစ်အတွင်းရှိ ကလေးငယ်စုစုပေါင်း (၈၀)ဦးတို့အား ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် မေးခိုင်ရောဂါအပိုထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံပေးကြောင်း သိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment