ရွှေတောင်မြို့နယ် ဒုံးကုလားကျေးရွာတွင် အသက်မွေးဝမ်းကျောင်း ပညာ (၅) မျိုးအား ဆွေးနွေးသရုပ်ပြပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ဒုံးကုလားကျေးရွာတွင် အသက်မွေးဝမ်းကျောင်း ပညာ (၅) မျိုးအား ဆွေးနွေးသရုပ်ပြပို့ချ

 


MNP - မေ   ၂၄

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမား အဖွဲ့အစည်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း သင်တန်းပညာ (၅) မျိုးကို ဆွေးနွေးပို့ချခြင်း၊ လက်တွေ့သရုပ်ပို့ချခြင်း သင်တန်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကျောက်ထရံအုပ်စု၊ ဒုံးကုလားကျေးရွာ တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သူဇာခိုင်က အသက်မွေးပညာ များဖြစ်ကြသည့် သင်တန်း (၅) မျိုးအား ဒေသတွင်း ကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေ ရရှိစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ဒေသခံတောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးအောင်က သဘာဝမြေဩဇာ ပြုလုပ်နည်း၊ EM ပြုလုပ်နည်းတို့ကို လည်းကောင်း၊ ငါးအမိုင်နိုပြုလုပ်နည်း၊ မှိုစိုက်ပျိုးနည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စုပေါင်းစီမံခန့်ခွဲမှု သင်တန်းတို့ကို ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သူဇာခိုင်က ဦးဆောင်၍ ဆွေးနွေးပို့ချခြင်း၊ လက်တွေ့သရုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)