Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်





MNP - မေ   ၂၆


ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍  ကျောင်းသား/သူများအား ယနေ့ နံနက် ၁၀ နာရီမှ စတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံရေး အခမ်းအနားကို  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးညီထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများဖွင့်လှစ်၍ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မိဘများအနေနဲ့  မိမိတို့သားသမီးများ ပညာသင်အရွယ်မှာ ပညာသင်ယူကြစေရန်အတွက် ကျောင်းအပ်နှံပေးရန်လိုအပ်ပါကြောင်း၊  ပညာရေးကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင်လည်း  ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင် ထောက်ပံ့ပေးပါကြောင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်နှင့် ဦးဦးခင်မောင်တို့က ကျောင်းသား/သူများထံသို့ သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထိုသို့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ရာတွင်  ကျောင်းအပ်နှံရန် လာရောက်သည့် ကျောင်းသား/သူများနှင့် မိဘများအား  လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေစေ၍  အတန်းအလိုက် သတ်မှတ်နေရာများတွင် ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိပြီး  မောင်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက် နေ့မှ ဇွန် ၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၀) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅) ကျောင်း၊ အလယ်တန်းကျောင်း  (၂) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၂) ကျောင်း၊ မူလတန်းလွန်ကျောင်း  (၄၇) ကျောင်း ၊ မူလတန်းကျောင်း (၃၃)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်း စုစုပေါင်း (၁၂၁) ကျောင်း ဖွင့်လှစ်ကာ ကျောင်းသား/သူများအား မိဘအုပ်ထိန်းသူ၊ ဆွေမျိုးများမှ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ အသီးသီး လာရောက်အပ်နှံလျက်ရှိကြောင်းနှင့် ကျောင်းသား/သူများအား သင်ရိုးညွှန်းတမ်းပုံနှိပ် စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ အခမဲ့ပေးအပ်ပြီး ၂၀၂၂ခုနှစ်၊ ဇွန်လ(၂)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား သွားမည် ဖြစ်ကြောင်းသိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment