Pages

Pages

အောင်လံမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်လှစ်





MNP - မေ   ၂၅


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အမှာစကားပြောကြား၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြီးက ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများကို မြို့နယ်အတွင်း  ကျေးရွာများမှ ဒေသခံလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ကာ သင်တန်းနည်းပြဆရာများက သင်ထောက်ကူပစ္စည်းများအား ရှင်းလင်းပြသ၍ သင်တန်းတွင် တိုင်းတာမှု၊ ဖြတ်တောက်မှု၊ ဂဟေဆက်မှုတို့အား လက်တွေ့သင်ကြားပေးမည်ဖြစ်သည်။ အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာ(၂)ဦး၊ သင်တန်းသား(၂၅)ဦးဖြင့် ရက်သတ္တ(၂)ပတ်ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment