Pages

Pages

တံတားဦးမြို့နယ်ရှိ ကျွဲ ၊ နွားများအား ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေး

 



MNP - မေ   ၂၄


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ရှိ ကျွဲ ၊ နွားများအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးများကို ရာသီအလိုက် နှစ်စဉ်အလှည့်ကျထိုးနှံပေးကြောင်း သိရသည်။


ကျွဲ ၊ နွားများ၌ မိုးရာသီတွင် ဖြစ်ပွားသောရောဂါမှာ ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်ပြီး လည်ချောင်းကွဲရောဂါသည် ရေဝင်ရောက်သောဒေသများတွင် အဖြစ်များပါကြောင်း ၊ ထောင့်သန်းရောဂါသည် အပူလွန်ကဲသော လ၌အဖြစ်များသောကြောင့် ကာကွယ် ဆေးများကို ရာသီအလိုက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများရှိ တိရိစ္ဆာန် ကျန်းမာရေးလုပ်သားနှင့် ပူးပေါင်းပြီး ထိုးနှံပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ မွေးမြူထားသော ကျွဲ ၊ နွားများ သေကြေပျက်စီးခြင်းမှ ကာကွယ်ကင်းဝေးပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။


တံတားဦးမြို့နယ်တွင် နွားကောင်ရေ (၅၇၉၉၈)ကောင် ၊ သိုး ၊ ဆိတ်ကောင်ရေ(၂၁၇၃ )ကောင် ၊ ဝက်ကောင်ရေ(၆၀၀၀)ရှိပါကြောင်း ၊ ကျွဲ ၊ နွားများ၌  ရာသီအလိုက် ဖြစ်ပွားတက်သော ရောဂါများကို  ကျေးရွာများအရောက် ကာကွယ်ဆေးများ လိုက်နှံထိုးပေးသည့်အပြင် တိရိစ္ဆာန်မွေးမြူရေး သင်တန်းများကိုလည်း စနစ်တကျ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment