Pages

Pages

မြဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်



MNP - မေ  ၂၇


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ  ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများ၌ KGအတန်း၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ယမန်နေ့နံနက် ၉နာရီက စတင်၍စနစ်တကျကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။


ကျောင်းအပ်နှံခြင်းလုပ်ငန်းကို မေ၂၆ရက်နေ့မှ ဇွန်၁ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ရာ (၅)နှစ်အရွယ်ကလေးများကို  သူငယ်တန်း(KG)သို့လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း တက်ရောက်သင်ကြားရမည်ဖြစ်ပြီး အခကြေးငွေကောက်ခံခြင်းမပြုဘဲ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊  ဗလာစာအုပ်များနှင့်ခဲတံများကိုပါထောက်ပံ့ပေး အပ်ကြောင်း သိရသည်။


ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment