Pages

Pages

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ



MNP - မေ  ၂၄


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 10(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Phase 10(ပထမအကြိမ်)ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၉၉)ဦး၊ မြို့သာဇုံမှ (၉၅)ဦး၊ ငါန်းမြာဇုံမှ (၅၉)ဦး၊ ခြင်္သေ့လက်ဇုံမှ (၇၉)ဦး၊ သားကျင်ဇုံမှ (၉၅)ဦး၊ ဂျိုဇုံမှ (၈၃)ဦး၊ သံဘိုဇုံမှ (၃၅)ဦးနှင့် ရေလည်သောင်ဇုံမှ (၉၀)ဦး စုစုပေါင်း (၆၃၅)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။                                                                                                                      


ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မေ ၁၈ ရက်နေ့မှ ၂၃ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ Phase 10(ပထမအကြိမ်) (၂၀၄၄)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment