MNP - မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးဦးဆောင်ပြီး ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ သက်ဆိုင်ရာခရိုင် / မြို့နယ်ဌာနမှူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း မြို့နယ်စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် မိုးတွင်းကာလ၌ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ခုနှစ်ပင်လိမ်ချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်ဆောင်ရွက်နေမှု၊ ချောင်းရေထိန်းတံခါးနှင့် Pump ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့တော်ဝန်က ရေထိန်းတံခါးအနီးမှ ချုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များနှင့် နှုန်းမြေများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ရန်၊ မေတ္တာညွန့်ရပ်ကွက်ရှိ စက်မှုရတနာလမ်းမကြီး တစ်လျှောက်ဘေးဘက်ဝဲယာ သန့်ရှင်းသာယာလှပစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန်၊ စက်မှုရတနာတံတားနှင့် ခုနှစ်ပင်လိမ်ချောင်း ရေထိန်းတံခါးအနီး ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်စေရေးအတွက် အစဉ်အမြဲ အလေးထားဆောင်ရွက်ရန်စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
သတင်း - နိုင်လင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment