ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအသိပညာပေး ဗီနိုင်းစိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအသိပညာပေး ဗီနိုင်းစိုက်ထူ




MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်ကာ  ကျောင်းသား / သူ များပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံရေးအသိပညာပေး ဗီနိုင်းစိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့ကြသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူးကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်ကျော်ထွန်း ဦးဆောင်၍ ဆရာ ၊ဆရာမများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်းပုဒ်ပါ ကျောင်အပ်နှံရေး သီတင်းပတ် လှုပ်ရှားမှု အဖြစ် အသိပညာပေးဗီနိုင်းကို မြို့နယ် ပညာ ရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့ကြပြီး ၂၀၂၂ ခုနှစ် ၊ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက် နေ့အထိ ကျောင်းအပ်လက်ခံ ဆောင် ရွက်မည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ရုံးမှ သိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)