မိုးသက်လေပြင်းတိုက်ခတ်၍ သာပေါင်းမြို့နယ်တွင် နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသက်လေပြင်းတိုက်ခတ်၍ သာပေါင်းမြို့နယ်တွင် နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ရ

 



MNP - မေ   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သာ‌ပေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ယမုံနာလမ်းတွင် မေလ၂၀ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဒေါ်စုစုလှိုင် (အဖ)ဦးကျော်ဝင်းနေအိမ် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း (၁၂'×၁၀'×၁၂') ပြိုကျပျက်စီးခဲ့ရသည်။


ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အိမ်ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် ဒေါ်စုစုလှိုင် (အဖ)ဦးကျော်ဝင်း မိသားစုဝင် (၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ (၁၈) နှစ်အောက် အမျိုးသမီး(၃) ပေါင်း(၅)ဦးတို့ကို ရပ်ဆွေရပ်မျိုး တော်စပ်သူ ဦးမြင့်စိုး နေအိမ်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်နှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးတို့က ဝိုင်းဝန်းကူညီ ပြောင့်ရွေ့ နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိပြီး ၎င်းဖြစ်စဉ်၌ လူနှင့်တိရစ္ဆာန် အသက် အန္တရာယ်၊ အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)