MNP - မေ ၂၃
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၇ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ယနေ့ ထုတ်ယူရမည့် မြို့တွင်းကြီး၊ နန်းတော်ရာ၊ ရုံးကြီး၊ ရှင်စောပု၊ လိပ်ပြာကန်၊ ပုဏ္ဏားစု၊ ပန်းလှိုင်ရပ်ကွက်များမှ အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူများပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများ အနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။
သတင်း - သက်ဖြိုးကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment