Pages

Pages

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ဆောင်ရွက်




MNP - မေ   ၂၃


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ မြေပြင်၌ အမှန်တကယ် ရှင်သန်လျက်ရှိသော ကျေးရွာစာကြည်တိုက်များအား စာဖတ်သူ၊ စာငှားသူတိုးပွားရေးနှင့် စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးနှင့် ဝန်ထမ်းများက ယမန်နေ့နေ့လည်ပိုင်းက မယ်ကရိုကျေးရွာရှိ (မြတ်စွယ်တော်) စာကြည့်တိုက်သို့ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ကွင်းဆင်းရာ၌ ကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စာကြည့်တိုက်ကော်မတီများ၊ စာကြည့်တိုက် တာဝန်ခံတို့နှင့်တွေ့ဆုံ၍ စာကြည့်တိုက်ဆက်လက်ရှင်သန်ရေးအတွက် ပူးပေါင်း ကာ ကျေးရွာရှိ book-clubအဖွဲ့ဝင်လူငယ်များ စာကြည့်တိုက်အတွင်း စာအုပ်များရာစုခွဲခြင်း၊ စာအုပ်များစာရင်းရေးသွင်းခြင်း၊ စာကြည့်တိုက်အသင်းဝင် တိုးပွားရေးအတွက် ဆောင်ရွက်ထားရှိမှုစာအုပ် စာစောင်တိုးပွားရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို ကော်မတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြသည်။


ထို့နောက် ကျေးရွာစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးရွှေဝင်းက စာကြည့်တိုက်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားရာ မြို့နယ်ဦးစီးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment