လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုတွင် ရာအိမ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လိုက်လံထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုတွင် ရာအိမ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လိုက်လံထိုးနှံပေး

19


MNP - မေ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)က အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရာအိမ်စုအလိုက် ကွင်းဆင်း၍ လိုက်လံထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများကလည်း ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - အေးအေးနွဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages