ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုး‌ရေး၊‌ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဏ္ဍများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး နည်းပညာ‌ပေး ဆွေးနွေးပွဲများ ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုး‌ရေး၊‌ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဏ္ဍများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး နည်းပညာ‌ပေး ဆွေးနွေးပွဲများ ကွင်းဆင်း ဆောင်ရွက်

20


MNP - မေ   ၄

ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်  မြင့်မားရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး‌ ဆွေးနွေးပွဲများကို ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက သဖန်းချို ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်းစားသုံးဆီ ဖူလုံရေး အတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့် ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ဖို့ရေးတို့အတွက် ကဏ္ဍ အလိုက် အသီးသီးဆွေးနွေး ပြောကြားခဲ့ရာ  လယ်ယာမြေရေရရှိရေးနှင့် စိုက်ပျိုး‌ရေပေးဝေမှု အခြေအနေများ၊ တိုင်းရင်းကြက်မွေးမြူ ရေးနှင့် နေဗီယာမြက်စိုက်ပျိုးရေး၊ လယ်ယာ‌မြေအသုံးချမှုနှင့် လယ်ယာ‌မြေဥပဒေများအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အကြောင်းနှင့် ကျန်းမာ‌ရေးဦးစီးဌာနမှလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြည့်အဝထိုးနှံပေးကြဖို့နှင့် အပူဒဏ်ကာကွယ်ရေးတို့အတွက် အသိပညာ‌ ပေးပြောကြားခဲ့သည်။ ထို့နောက်ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာ များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်‌မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျန်းမာ‌ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ နည်းပညာပေး သင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages