ကမာရွတ်မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

 



MNP - မေ   ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ ကျန်းမာရေးဌာနသို့ဆေးထိုးရန် လာရောက်ကြသော  ကလေးငယ်များနှင့် မိခင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး သတ်မှတ်နေရာများ၌ နားနေစေပြီး စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းနှင့် ကလေးငယ်များအတွက်လည်း ရာသီအလိုက် ဖြစ်ပေါ်တတ်သော ကူးစက်ရောဂါများဒဏ်မှလည်း ကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းအသိပညာပေး လက်ကမ်းများကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ကလေးပုံမှန်ကာကွယ်ဆေးကိုယ် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - စိမ်းလဲ့ 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)