Pages

Pages

ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ စတင်ထုတ်ပေး



MNP - မေ   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ကြံခင်းမြို့နယ်အတွင်းရှိ ပင်စင်လစာထုတ်ယူမည့်သူဦးရေစုစုပေါင်း(၁,၁၃၉)ဦးရှိရာ   နိုင်ငံရေးပင်စင်စား(၈၆)ဦး၊ ကာကွယ်ရေးပင်စင်စား(၂၇၇)ဦး၊ မြို့ပြပင်စင်စား(၇၆၅)ဦးနှင့် ဘဏ်ပင်စင်စား(၁၁)ဦးရှိကြောင်း  မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှသိရသည်။


အဆိုပါ ပင်စင်လစာငွေထုတ်ပေးခြင်းကို ယခုလတွင်မေလ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့ထိ၊ နေ့စဉ်ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် နံနက်(၆)နာရီမှ နေ့လည်(၂)နာရီထိ ထုတ်ပေးသွားမှာဖြစ်ပြီး ပင်စင်လစာငွေများထုတ်ပေးရာတွင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်စားများအားစနစ်တကျ ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment