MNP - မေ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ လမ်းလယ်ကျွန်း၌ သန့်ရှင်းသာယာလှပရေးလုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီခွဲမှ ယမန်နေ့ညနေပိုင်း ၄ နာရီအချိန်ခန့်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီခွဲမှ တာဝန်ခံ ဦးစိုင်းသီဟအောင်မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး လမ်းလယ်ကျွန်းအနီးရှိ လမ်းများအား မြေသားထပ်ပိုးခြင်း၊ လမ်းညှိခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ လမ်းလယ်ကျွန်းအတွင်း သွားရေးလာရေး အဆင်ပြေချောမွေ့ခြင်း၊ သန့်ရှင်းလှပသော လမ်းလယ်ကျွန်းအဖြစ်ဖန်တီးခြင်းဖြင့် ပြည်သူများ စိတ်အပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - သီဟ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment