Pages

Pages

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ကန္တရ ရထားလမ်းတစ်လျှောက်တွင် သဲကာအစိမ်းရောင်စင်္ကြံ တည်ဆောက်

 


ဝူးလူမုချီ၊ မေ ၂၇ 

တာလာမာကန် သဲကန္တရ (Taklimakan Desert) တောင်ဘက်စွန်းသို့ ဖြတ်သန်းသွားသော ဟဲထျန်-ရော့ချန်း ရထားလမ်း၏ သဲကာဒိုင်းသဖွယ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် သစ်တောပျိုးထောင်၍ အစိမ်းရောင် စင်္ကြံကို ဖန်တီးတည်ဆောက်ထားသည်။


ရထားလမ်းတစ်လျှောက် ၃၀၀ ကီလိုမီတာနှင့် သဲမုန်တိုင်းထန်သော နေရာများကို လွှမ်ခြုံ၍ အကွက်ဖော်ထားသောမြက်ခင်းပြင် စတုရန်းမီတာ သန်း ၅၀ ခင်းကျင်းထားပြီး ချုံနွယ်သစ်ပင်ပျိုးပင် အရေအတွက် ၁၃ သန်းကို စိုက်ပျိုးထားဖြစ်ကြောင်း ရှင်းကျန်း ဟဲထျန်-ရော့ချန်း ရထားလမ်းကုမ္ပဏီက ပြောကြားခဲ့သည်။

အပင်များ ရှင်သန်ရေးအတွက် ဉာဏ်ရည်ထည့်သွင်းထားသော ရေချွေတာရေးဆည်မြောင်းစနစ်ကို တပ်ဆင်ထားကြောင်းနှင့် ဖုန်း သို့မဟုတ် ကွန်ပြူတာဖြင့် အဝေးမှ ထိန်းချုပ်လည်ပတ်နိုင်ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

သစ်တောပျိုးထောင်ရေးလုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဟဲထျန်-ရော့ချန်းရထားလမ်း တည်ဆောက်မှုနှင့်အတူ တစ်ပြိုက်နက်တည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရထားလမ်းသည် ကီလိုမီတာ ၈၂၅ ရှည်လျားပြီး တရုတ်နိုင်ငံ ဟဲထျန်ဒေသ ဟဲထျန်မြို့ နှင့် ပရင်ကိုးလျင်း(မွန်ဂို)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရော့ချန်းခရိုင်ကို ချိတ်ဆက်ထားသော အဓိကရထားလမ်းစီမံကိန်း ဖြစ်သည်။

နောက်လတွင် လည်ပတ်သွားရန် ခန့်မှန်းထားသော အဆိုပါရထားလမ်းသည် တာလာမာကန် ကန္တရ ရထားပတ်လမ်း၏ နောက်ဆုံးအပိုင်းအပြီးသတ် တည်ဆောက်သွားမည် ဖြစ်ပြီး ရှင်းကျန်းဒေသ တောင်ပိုင်း၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment