ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ








MNP ၊ မေ ၂၉

ရခိုင်ပြည်နယ်၊ စစ်ခရိုင် ၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး‌နေ့ အခမ်းအနားကို မြို့မ အ.ထ.က(၂)ကျောင်း၊အစည်းအ‌ဝေးခန်းမ၌ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဌ ဦးရာဇာအေးကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးထွန်း‌ရွှေကကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့်ပတ်သက်သည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။


‌ထို့နောက် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဌ နှင့် အဖွဲ့ဝင် များ၊မြို့နယ်ပညာရေးမှူး၊ဌာနဆိုင်ရာဝန်ထမ်းများ၊ဆရာ/ဆရာမများ ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်း သား /ကျောင်းသူများတက်ရောက်ကြပြီး အခြေခံ ပညာကျောင်းများမှကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဌဦးရာဇာ‌‌အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ဘောပင်၊ ကျောင်းဝတ်စုံများ စသည်တို့ကို အသီးသီးအခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)