MNP - မေ ၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ အရှေ့မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရုံးဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်ခင်စောဝေနှင့် ဦးသန်းနိုင်၊ ဌာနဆိုင်ရာအကြီးအကဲအများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကျော်သန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရုံးဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို နမောတသ(၃)ကြမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခြင်း၊ ရောက်ရှိလာသည့် ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်မြတ်နှင့် ကမ္မဝါစာဖတ်ကြားချီးမြှင့်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချအမျှဝေခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးဆောင်သစ်ဖွင့်ပွဲကိစ္စနှင့် ပတ်သက်၍ အမှာစကားပြောကြားခြင်း၊ အရှေ့မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များက ရုံးဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ထွန်းလင်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment