ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှ တောင်သူများ ပြောင်းဖူးဈေးအမြင့်ဆုံး ရောင်းချနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှ တောင်သူများ ပြောင်းဖူးဈေးအမြင့်ဆုံး ရောင်းချနေရ





MNP - မေ   ၁၈


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်လက်ပံခြေပေါ်ကျေးရွာအုပ်စုမှကျေးရွာများ တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုးရောင်းချကြကြောင်းသိရပြီး ပြောင်းဖူး စိုက်တောင်သူများ ပြောင်းဖူးဆယ်ဖူးဈေးနှစ်ထောင်ကျပ် ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက်ပျိုး တောင်သူများတွက်ခြေကိုက်နေကြကြောင်းသိရသည်။


ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုသည်ရှိ ကျေးရွာများသည် တစ်နှစ်ပတ်လုံး‌ မြေအောက် ရေအသုံးပြုကာ ပြောင်းဖူးပြီး ပြောင်းဖူးစိုက်ပျိုးကြပြီး တစ်နှစ်လေးကြိမ်ထိ စိုက်ပျိုးရောင်းချနေ သည့်ကျေးရွာများ ဖြစ်ကြောင်းသိရသည်။ ကျွန်တော်တို့တွေပြောင်းဖူး စိုက်ပျိုးရတာ ဈေးကွက်အခြေအနေထက် ပြောင်းဖူးတစ်သီးစိုက်ပျိုးလျှင် အချိန်နှစ်လခန့်ဖြင့်ပေါ်သောကြောင့် ရောင်းချချိန်မြန်ပြီး ငွေလည်းအမြန်ပေါ်ကြောင်း၊ ထွက်ရှိလာသည့် ပြောင်းဖူးများကို ညောင်ဦး-မြင်းခြံ ကားလမ်မကြီး ဘေးတဘက်တချက်တွင်ယာယီတဲများထိုးကာ ရောင်းချကြကြောင်း၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူကြကာ ခြောက်ဘီးမော်တော် ယာဉ်ဖြင့် သယ်ယူကြကြောင်း ပြောင်းဖူး တစ်ခါဝယ်ယူလျှင် ပြောင်းဖူးနှစ်သောင်းမှသုံးသောင်း ထိဝယ်ယူကြကြောင်းသိရသည်။ ပြောင်းဖူးဆယ်ဖူးဈေး နှစ်ထောင်ကျပ်မှ နှစ်ထောင်လေးရာကျပ်ထိ ရောင်းချနေရကာ ပြောင်းဖူးစိုက်ပျိုးသည့်တောင်သူများ ရှုံးတာတခါမှမကြုံဘူးသေးကြောင်း၊ စိုက်ပျိုးသည့် ပြောင်းဖူးအရည်အသွေးအကောင်းဆုံးဖြစ်နေကာ ဈေးနှုန်းမှာလည်း အကောင်းဆုံးရောင်းချရသည့်လပင်ဖြစ်နေကြောင်း ပြောင်းဖူးပွဲစားဦးဝင်းတင့်ကရှင်းပြသည်။


စိုက်ပျိုးသည့်ပြောင်းဖူးများကတော့ အစီးပြောင်း၊  သကြားပြောင်းနှင့်ကြက်တ မော့ပြောင်းတို့ စိုက်ပျိုးကြပြီး မိုးရာသီစိုက်ပျိုးသည့်ပြောင်းသာ သုံးလခန့်မှပေါ်ကြပြီး ၊ဆောင်းရာသီနှင့် နွေရာသီ အချိန်နှစ်လခန့်ဖြင့်ပေါ်ကြောင်း ဦးဝင်းတင့်ကရှင်းပြ၍သိရကာ ထွက်ရှိလာသည့် ပြောင်းဖူးများအား ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံ၊တောင်သာ၊ ကျောက်ပန်းတောင်းမြို့များမှ ပြောင်းဖူးပွဲစားများလာရောက်ဝယ်ယူခြင်း၊ မန္တလေး၊ ရန်ကုန်တို့မှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူကြကြောင်း သိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)