လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး




MNP - မေ   ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် Mobile အစီအစဉ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်း၍ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများကလည်း ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။


သတင်း - အေးအေးနွဲ့ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)