ဘီးလင်းမြို့နယ်၌မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုး







MNP ၊ မေ ၂၂

သထုံခရိုင် ဘီးလင်းမြို့နယ်တွင် မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက အမက - ၂ မြို့သစ်ကျောင်း ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာဘီးလင်းမြို့နယ် သစ်တောဦးစီးဌာမှ ဦးစီးအရာရှိ ဦးထင်လင်းအောင်-၂ က ၊အမက - ၂ မြို့သစ်ကျောင်းအုပ်ဆရာမကြီး၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များထံသို့ ပျိုးပင်များ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက  မဟော်ဂနီ၁၃၅ ပင်၊ မန်ဂျန်ရှား ၁၃၅ပင်၊ ခရေ ၆ ပင်၊ ကံကော် ၆ ပင် ၊ စုစုပေါင်း ၂၈၂ ပင် ကို တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)