MNP ၊ မေ ၂၂
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက အမက - ၂ မြို့သစ်ကျောင်း ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာဘီးလင်းမြို့နယ် သစ်တောဦးစီးဌာမှ ဦးစီးအရာရှိ ဦးထင်လင်းအောင်-၂ က ၊အမက - ၂ မြို့သစ်ကျောင်းအုပ်ဆရာမကြီး၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များထံသို့ ပျိုးပင်များ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မဟော်ဂနီ၁၃၅ ပင်၊ မန်ဂျန်ရှား ၁၃၅ပင်၊ ခရေ ၆ ပင်၊ ကံကော် ၆ ပင် ၊ စုစုပေါင်း ၂၈၂ ပင် ကို တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment