Pages

Pages

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 


MNP - မေ  ၂၅


မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေ ၃ နာရီခွဲအချိန်ခန့်က မိတ္ထီလာမြို့ ရတနာမာရ်အောင် ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ အဆိုပါဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ဝမ်းတွင်းမြို့နယ်အသင်းနှင့် သာစည်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဝမ်းတွင်းမြို့နယ်အသင်းက သာစည်မြို့နယ်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ် စွဲသွားသည်။ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပထမဆုရ ဝမ်းတွင်းမြို့နယ်အသင်း အား ငွေသားဆု၊ ဆုဖလားနှင့် တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊၊ ဒုတိယဆုရ သာစည်မြို့နယ်အသင်းငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကိုလည်း ကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများထံသို့ ဆုတံဆိပ်များကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ အဆိုပါ  မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအသက်(၁၉) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲကို မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပခဲ့ပြီး မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်း မြို့နယ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment