Pages

Pages

ရမ်းဗြဲမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံပေးလျက်ရှိ








MNP ၊ မေ ၂၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် “ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ လက်ခံပေးလျက်ရှိကြောင်း သိရသည်။


ရမ်းဗြဲမြို့နယ်အတွင်း အခြေခံပညာကျောင်းများဖြစ်သည့် အထက(၁၂)ကျောင်း၊ အထက(ခွဲ) (၂၃)ကျောင်း၊  အလက(၁၄) ကျောင်း၊  အလက(ခွဲ) ၁၄- ကျောင်း၊  မူလွန်(၁၉)ကျောင်း၊  အမက(၉၁) ကျောင်း၊ အမက(ခွဲ) ၁၁- ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့်အတန်းပိုင် ဆရာ/ဆရာမများကကျောင်းအပ်နှံခြင်းကိုလက်ခံဆောင် ရွက်ပေးပြီး ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များကို အခမဲ့ ထုတ်ပေးလျက်ရှိသည်။


ကျောင်းအပ်လက်ခံခြင်းကို မေလ -၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ်ကျောင်းအပ်နှံခြင်းကိုလက်ခံပေးသွားမည်ဖြစ်ပြီးဇွန်လ၂ ရက်နေ့မှစတင်ကာ  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ကျောင်းများဖွင့်လှစ်၍ သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment