Pages

Pages

စိုက်ပျိုးစရိတ်ထုတ်လုပ်ရေး သမဝါယမအသင်းများသို့ စိုက်ပျိုးရေးစရိတ်ကြိုပေးပွဲကျင်းပ



MNP - မေ   ၂၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းမှ စိုက်ပျိုးစရိတ်ထုတ်လုပ်ရေး သမဝါရမအသင်းများသို့ စိုက်ပျိုးရေးစရိတ်ကြိုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ယမ်းဇမ်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် လက်ပံတဲကျေး ရွာဘုန်းတော်ကြီးကျောင်းတို့တွင် စိုက်ပျိုးရေးစရိတ်ကြိုပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ စိုက်ပျိုးစရိတ်ထုတ်လုပ်ရေးသမဝါယမအသင်းများသို့ စိုက်ပျိုးရေးစရိတ် ကြိုပေးပွဲတွင် ယမ်းဇမ်းကျေးရွာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ မြေပဲစိုက်ပျိုးသော တောင်သူ (၂၈)ဦးနှင့် လက်ပံတဲသမဝါယမအသင်းမှ မြေပဲစိုက်ပျိုးတောင်သူ (၄၄)ဦး၊ စုစုပေါင်း (၇၂)ဦးအတွက် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုမှ သမဝါယမ ကန်ထရိုက် လယ်ယာစနစ်ဖြင့် အသင်းသားတောင်သူများအား မြေပဲဆံတစ်ပိဿလျှင် (၂၅၀၀)ကျပ် ဖြင့် သီးနှံကြိုပေးစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါသမဝါယမအသင်း(၂)သင်းမှ အသင်းသား(၇၂)ဦးပိုင်ဆိုင်သည့် မြေပဲစိုက်ခင်း (၂၅၀)ဧကမှထွက်ရှိမည့် မြေပဲဆံပိဿ (၂၀၀၀၀)အတွက် စိုက်ပျိုးရေးစရိတ် ကြိုပေးငွေ သိန်း(၅၀၀)အား မြေပဲစိုက်တောင်သူများထံသို့ မြို့နယ်သမဝါယမအသင်းစုမှ ကြိုတင်ငွေထုတ်ပေးပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးအောင်ဖြိုးဝေနှင့်မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဌေးတို့မှအသင်းများသို့ ကွင်းဆင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment