ညောင်ဦးမြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ညောင်ဦးမြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီး

60


MNP - မေ   ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ယမန်နေ့ည ၇ နာရီအချိန်ခန့်က မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီးခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်မင်းသူထံက သိရသည်။

ညောင်ဦးမြို့၊ အမှတ်(၅)၊ ငါးမျက်နှာမြောက်ရပ်၊ ကမ်းနားလမ်း၌   ယမန်နေ့ည ၇ နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီးနေခြင်းကြောင့် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော  အထောက်အကူပြု ယာဉ်တစ်စီး၊ ညောင်ဦးမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၊ မီးသတ်ဝန်ထမ်းများနှင့် အထောက်အကူပြုယာဉ်တစ်စီး၊ အမှတ်(၅)အရန်မီး သတ်တပ်ဖွဲ့များ၊ ညောင်ဦးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်မင်းနှင့် တပ်ဖွဲ့ဝင်များမှ ကူညီရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ၁၀ ပေ၊ ၁၅ ပေ သွပ်မိုး၊ ဝါးထရံကာ လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးခဲ့ကာ လူနှင့်တိရစ္ဆာန်များ မထိခိုက်ကြောင်းသိရသည်။ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်များကို ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်ကာ သန္ဓေ/ အရန်မီးသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များမှနေအိမ်အမိုးများအား ပြန်လည်ကူညီမိုးပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages