၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများ ပညာသင်စရိတ် ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

 



MNP - မေ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် ဝန်ထမ်းသား/သမီးများ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် ဝန်ထမ်းသား၊ သမီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက ပညာသင် ထောက်ပံ့စရိတ်အဖြစ် ဘောပင်၊ ကျောင်းသုံးဗလာစာအုပ်၊ ပေတံ၊ ခဲတံ၊ ခဲဖျက်၊ လွယ်အိတ်နှင့် ပညာသင်ကြားရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)