MNP - မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥပဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးရှိ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း/အပြင် တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများစုပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း/အပြင်ရှိ ချုံနွယ်များ၊ မြက်၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment