သထုံမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ







MNP ၊ မေ  ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ အလံတရာသာသနာ့နယ်မြေရှိ အလံတရာစေတီတော်မြတ်ကြီးအနီးတွင် မေလ ၂၉ ရက်၊ နံနက်က မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ခဲ့သည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့က စိုက်ပျိုးမည့်အပင်များအားပေးအပ်ရာ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများတို့က လက်ခံရယူပြီး သတ်မှတ်နေရာအသီးတို့၌ ပျဉ်းကတိုး၊ မဟော်ဂနီ၊ သင်္ကန်းနှင့် မန်ဂျန်ရှား ပျိုးပင်ပေါင်း ၆၀၀ ကျော်တို့ကို စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် မိုးရာသီကာလ ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာန မြေနီကုန်းပျိုးဥယျာဉ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ သင်္ကန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ဘောစကိုင်း၊ ငုရွှေ‌ဝါ၊ စိန်ပန်း၊ ဗန်ဒါ၊ ကုက္ကိုနှင့် ပေါက်ပန်းဖြူ ပျိုးပင်အမျိုးအစား ၁၁ မျိုးခန့်အား အပင်ပေါင်း ၄၀၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားကာ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအနေဖြင့် စုပေါင်းစိုက်ပျိုးလိုပါက ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)