လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်၂၅နှစ်အောက် ရပ်ကွက်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်၂၅နှစ်အောက် ရပ်ကွက်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

 



MNP - မေ   ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် ရပ်ကွက်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်၉နာရီတွင် လှိုင်မြို့နယ် အမျိုးသားအားကစားရုံ၊ ဖူဆယ်ဘောလုံးကွင်း၊ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။


အဆိုပါဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်မှ အဖွင့်အမှာစကားပြောကြားပြီးပြိုင်ပွဲအားဖွင့်လှစ်ခဲ့သည်။ဆက်လက်၍ အားကစားသမားများမှ သစ္စာအဓိဋ္ဌာန်၄ချက်ရွတ်ဆိုခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များမှ ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခြင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမ ပြန်လည်ထွက်ခွာခြင်းနှင့် အခမ်းအနားပြီးမြောက်ကြောင်း ကြေညာခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင် ရပ်ကွက် ၁၆ ရပ်ကွက်မှ အသင်း၉သင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - ကျော်ရဲအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)