ကမာရွတ်မြို့နယ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

 



MNP - မေ   ၂၁


ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုကျောင်၌ကျင်းပရာ အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဋ္ဌေးအောင် တက်ရောက် နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။


၎င်းနောက်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာမောင်မင်းရီက အုပ်ချုပ်မှုပုံစံနှင့် စီမံခန့်ခွဲရေးဆိုင်ရာများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ်(သင်တန်း) က သင်တန်းရေးရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဥပဒေချုပ် ဦးဋ္ဌေးအောင်က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ထံ ထောက်ပံငွေ ကျပ် ၅၀၀၀၀၀/ (ငါးသိန်း)ကို ပေးအပ်လှူဒါန်းခဲ့ပြီး အဆိုအခမ်းအနားတွင်အထောက်အကူပြုဘာသာရပ်ဌာန ဆရာ၊ ဆရာမများက တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှဘာသာရပ်အလိုက် King & Queen များ ရွေးချယ်ပေးပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


သတင်း - စိမ်းလဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)