ညောင်လေးပင်မြို့နယ်တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ်တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်

 


MNP - မေ  ၂၅


သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သစ်တောဉီးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ညောင်လေးပင်မြို့နယ် နဘဲပင်ကျေးရွာအုပ်စု နဘဲပင်နှင့်ဝင်္ဂဘော်ကျေးရွာချင်ဆက်လမ်းဘေးတွင် ယနေ့နံနက်(၈) နာရီ က ကျင်းပခဲ့သည် ။


ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန် လျော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် စိုက်ပျိုးခြင်းဖြစ်ပြီး ကျွန်း ၅၀ပင်၊ ခရေ ၁ ၅ ပင်၊ ယူကလစ် ၁၅ ၊ မန်ဂျန်ရှား၁၂၀ ပင်၊ စုစုပေါင်း၂၀၀ကို စိုက်ပျိုးခဲ့ကြသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ညောင်လေးပင်မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုစုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်၍ သစ်ပင်များ စိုက်ပျိုး ခဲ့ကြသည်။


သတင်း - နီနီဝင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)