Pages

Pages

အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ





MNP ၊ မေ ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ကျောင်းအပ်နှံရေး အခမ်း အနားကို ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၁၀)နာရီအချိန် အထက(၁) ပညာရတနာခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေးအခမ်း အနားအား  ကျောင်း သား/ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူး မျိုးမင်းသန့်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကိုကြီးက  ကျောင်းအပ်နှံမှုအခြေအနေနှင့် ပတ် သက်၍ ဆောင်ရွက်ပေးသွားမည့် အခြေ အနေများကို ရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက်  ဆင်းရဲချို့တည့်သည့် ကျောင်း သား/ကျောင်းသူများအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူး မျိုးမင်းသန့်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်ပညာရေးမှူးတို့က ထောက်ပံပစ္စည်းများပေးအပ်ရာ ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။

အမ်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)(၁၁)ကျောင်း၊  အလယ်တန်းကျောင်း(၂၇)ကျောင်း၊  အလယ်တန်းကျောင်း(ခွဲ)(၂၈) ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၅)ကျောင်း၊  အမက(၆၅)ကျောင်း၊ အမက(ခွဲ)(၄၁)ကျောင်း အခြေခံပညာကျောင်းပေါင်း(၂၁၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၃)ကျောင်း၊ ကိုယ် ပိုင်အထက်တန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၂၂၃)ကျောင်းရှိပြီး မေလ(၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများအား လုံးဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

                                                                       

သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment